Posts

The Line We Never Crossed

  ကျောင်းသားရာဌာနမှာ စာရင်းသွင်းဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ လူတန်းထဲမှာ အဲ့ကောင်လေးက သူ့ဘေးလာရပ်ရင်းပြောတယ်။ “ငါက သက်ပိုင်” “စိုင်းမြတ်” “မင်းmajorက ဘာလဲ” “English” “ဟာ အတူတူပဲ” သက်ပိုင်က ပြောရင်းရယ်လိုက်တယ်။ အဲ့ရယ်သံက မိုးရာသီမနက်ခင်းထဲမှာ ထူးထူးခြားခြားနွေးနေခဲ့တယ်။ ⸻ Semester အစပိုင်းမှာ သူတို့သိပ်မရင်းနှီးသေးဘူး။ ဒါပေမယ့် အတိတ်ဘဝကရေစက်ကြောင့်လားတော့မသိ။ အတန်းတိုင်းမှာ အမှတ်မထင် တခုံနဲ့တခုံ ခပ်နီးနီးမှာထိုင်မိကြတယ်။ ကျောင်းကန်တင်းမှာ ခဏခဏဆုံတယ်။ စာကြည့်တိုက်မှာတူတဲ့နေရာတွေ ရွေးမိတယ်။ တနေ့မှာတော့— “မင်းအမြဲတယောက်တည်းပဲနော်” သက်ပိုင်က ကန်တင်းမှာစိုင်းမြတ်နဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်ရင်းပြောတယ်။ စိုင်းမြတ် ခေါင်းမော့မကြည့်ပဲ Iced Coffee ကိုပဲမွှေနေရင်း “တယောက်တည်းနေရတာကြိုက်လို့” “အဲ့လိုလူတွေက အထီးကျန်လွယ်တယ်” စိုင်းမြတ် ရယ်လိုက်တယ်။ “မင်းက စိတ်ပညာရှင်လား” “မဟုတ်ဘူး… ဒါမဲ့ အထီးကျန်နေတဲ့သူတွေရဲ့မျက်နှာကို ငါသိတယ်” အဲ့စကားကြားတော့ Iced Coffeeကိုမွှေနေတဲ့ စိုင်းမြတ်လက်တွေ ခဏရပ်သွားတယ်။ ဘာလို့လဲဆိုတော့ သူ့ကို အဲ့လိုမျိုးကြည့်ဖူးတဲ့လူမရ...

The Line We Never Crossed

Chapter - 1 🌧️ မိုးရာသီအစနေ့ ☔️ မိုးတဖွဲဖွဲကျနေတဲ့မနက်ခင်းတခုရဲ့ Universityတက်တဲ့ပထမဆုံးနေ့မှာ လူတွေပျားပန်းတမျှ ရှုပ်ရှပ်ခတ်နေတာကိုမြင်တော့ စိုင်းမြတ် မျက်နှာလေး ရှုံ့မဲ့သွားခဲ့တယ်။ စိုင်းမြတ်က တယောက်တည်းနေရတာနှစ်သက်ပီး လူအများကြားမှာနေရတာ စိတ်ပင်ပန်းလွယ်တဲ့Introvertဆိုတော့ စိုင်းမြတ် လူအုပ်ကြီးကိုမုန်းနေတယ်။ တက္ကသိုလ်ကျောင်းဝင်းတခုလုံးမှာဆူညံနေတယ်။ လူတိုင်းရဲ့ရယ်သံတွေ၊ selfieဆွဲနေကြတဲ့မြင်ကွင်းတွေ ၊ စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေကြတယ်။ စိုင်းမြတ်ကတော့ စိတ်တွေရှုပ်ထွေးလွန်း၍ ကျောင်းသားရေးရာအဆောက်အအုံရှေ့က သစ်ပင်အောက်မှာထိုင်ကာ နားကြပ်တဖက်တပ်ပြီး မိုးရာသီနဲ့ပတ်သက်တဲ့ သီချင်းကိုနားထောင်နေလိုက်တယ်။ထိုစဉ် “ဟေး… မင်းမှာဘောပင်ပါလား”  အသံတခုကြောင့် သူခေါင်းမော့ကြည့်လိုက်တယ်။ အဲ့ဒီမှာ hoodie အနက်ရောင်ဝတ်ထားတဲ့ကောင်လေးတယောက် သူ့ရှေ့မှာလာရပ်နေတယ်။ ရေစိုနေတဲ့ဆံပင်တွေက မျက်လုံးပေါ်ကျနေပြီး အသက်ရှူသံတွေကလည်း နည်းနည်းမြန်နေတယ်။ မိုးရေထဲမှာ ပြေးလာပုံရတယ်။ “ကျောင်းသားရေးရာဌာနမှာ ဖောင်ဖြည့်ဖို့ဘောပင်မေ့လာလို့” စိုင်းမြတ်ဘာမှမပြောပဲ ဘောပင်ထုတ်ပေးလိုက်တယ့်။သူကစိုင်းမြတ်ကို  ...