The Line We Never Crossed

 ကျောင်းသားရာဌာနမှာ စာရင်းသွင်းဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ လူတန်းထဲမှာ အဲ့ကောင်လေးက သူ့ဘေးလာရပ်ရင်းပြောတယ်။


“ငါက သက်ပိုင်”


“စိုင်းမြတ်”


“မင်းmajorက ဘာလဲ”


“English”


“ဟာ အတူတူပဲ”


သက်ပိုင်က ပြောရင်းရယ်လိုက်တယ်။


အဲ့ရယ်သံက

မိုးရာသီမနက်ခင်းထဲမှာ ထူးထူးခြားခြားနွေးနေခဲ့တယ်။


⸻


Semester အစပိုင်းမှာ

သူတို့သိပ်မရင်းနှီးသေးဘူး။


ဒါပေမယ့် အတိတ်ဘဝကရေစက်ကြောင့်လားတော့မသိ။ အတန်းတိုင်းမှာ အမှတ်မထင် တခုံနဲ့တခုံ ခပ်နီးနီးမှာထိုင်မိကြတယ်။ ကျောင်းကန်တင်းမှာ ခဏခဏဆုံတယ်။ စာကြည့်တိုက်မှာတူတဲ့နေရာတွေ ရွေးမိတယ်။


တနေ့မှာတော့—


“မင်းအမြဲတယောက်တည်းပဲနော်”


သက်ပိုင်က ကန်တင်းမှာစိုင်းမြတ်နဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်ရင်းပြောတယ်။


စိုင်းမြတ် ခေါင်းမော့မကြည့်ပဲ Iced Coffee ကိုပဲမွှေနေရင်း


“တယောက်တည်းနေရတာကြိုက်လို့”


“အဲ့လိုလူတွေက အထီးကျန်လွယ်တယ်”


စိုင်းမြတ် ရယ်လိုက်တယ်။


“မင်းက စိတ်ပညာရှင်လား”


“မဟုတ်ဘူး… ဒါမဲ့ အထီးကျန်နေတဲ့သူတွေရဲ့မျက်နှာကို ငါသိတယ်”


အဲ့စကားကြားတော့ Iced Coffeeကိုမွှေနေတဲ့ စိုင်းမြတ်လက်တွေ ခဏရပ်သွားတယ်။


ဘာလို့လဲဆိုတော့

သူ့ကို အဲ့လိုမျိုးကြည့်ဖူးတဲ့လူမရှိခဲ့လို့ပဲ။

Comments

Popular posts from this blog

The Line We Never Crossed